Pages

Monday, December 3, 2012

နိုင်ငံ ဂုဏ်ဆောင် ကမန်တိုင်းရင်းသား အစ္စလာမ် ဘာသာ ၀င် သီရိပျံချီ ဦးစီဘူး




 
(တရားလွှတ်တော်ချူပ် တရားရေးရာဝန်ကြီးဟောင်း)ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ
တွင် အဘ-ပညာဝန် ဦးနော်ဒင် နှင့် အမိ - ဒေါ်ရဲမ တို့ မှ 1898 ခုနှစ် တွင်မွေးဖွားသည်။ မွေးချင်း ၈ ယောက်အနက် အကြီးဆုံးဖြစ်သည်။ဗြိတိသျှ ကိုလိုနီ လက်ထက်ကပင် ရခိုင်တိုင်းစစ်တွေမြို့တွင် စက်ရှင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ဦးစီဘူး သည်ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။
 
 
 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင်ကြီးများအားနယ် ချဲ့လက်ပါးစေတစ်စုက လုပ်ကြံသတ်ဖြတ်လိုက်သည့် နိုင်ငံတော်လုပ်ကြံမှုပေါ်ပေါက်လာသည့်အခါ ထိုအမှုကို စစ်ဆေးရန်နိုင်ငံတော်၏ တရားရေးခုံအဖွဲ့ တစ်ခုကို နိုင်ငံတော်မှ ၅-၉-၄၇ နေ့တွင်ဖွဲ့စည်းခဲ့ရာ ထိုတရားသူကြီးအဖွဲ့ တွင် ဟိုက်ကုတ်တရားလွတ်တော် ချုပ်မှ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့်အတူ ဦးစိဘူးနှင့် ဦးအောင်သာကျော် တို့က အထူးခုံရုံးတရားသူကြီးများအဖြစ်ပါဝင်ဆောင်ရွတ်ကြသည်။
ထို အထူးတရားရေးခုံအဖွဲ့ သည် အင်းစိန်ထောင်ကြီးတွင် တရားလိုပြသက်သေ ၇၈ ဦးနှင့်တရားခံပြသက်သေ ၃၁ တို့အား ၃၇ ရက်တိုင် အောင်ရုံးထိုင်စစ်ဆေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လတွင် ဂဠုန်ဦးစော နှင့်အပေါင်းအပါ တရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်ချက်ချမှတ်ခဲ့သည်။ ထိုအမှုနှင့်ပါတ်သတ်ပြီး အထူးတရားရေးခုံအဖွဲ့ဝင်များကိုနိုင်ငံတော်မှ သီရိပျံချီရွှေတံစိတ်များကို အသီးသီး ချီးမြင့် အပ်နှင်းခဲ့သည်။

 ထိုအရေးခငိးနောက်ပိုင်း တစ်ဆက်တည်းတွင်ဦးစီဘူး သည်တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ထိုသို့နိုင်ငံတာဝန်များထမ်းဆောင်ရင်း အသက် ၅၅ နှစ်တွင် ၁၉၅၃ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။ ထိုသို့ ကမန် ဘိုးဘေးစဉ်ဆက်မှဆင်းသက်လာသူ ကမန်တိုင်းရင်းသားအစ္စလာမ်ဘာသာဝင် တစ်ဦးအနေဖြင့် နိုင်ငံတော်အစိုးရပေးအပ်သော တာဝန်များကို အမြင့်မာဆုံးထမ်းဆောင်ခဲ့သော ဦိးစိီဘူး အား ကမန်မျိုးနွယ်စု သမိုင်း (စာတမ်း) တွင် ဂုဏ်ပြုခံ ပု၈္ပျိလ် တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။
ကမန်မျိုးနွယ်စု သမိုင်း (မောင်ဆန္ဒ -လယ်ဝေး) ၏ နိုင်ငံဂုဏ်ရည် စာစဉ် (၄၃) မှ ကောက်နုတ်တင်ပြသည်
သူရိန်ဇော်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။