Pages

Friday, June 8, 2012

အပိုင်း (၁) မောင်းတောဆန္ဒပြပွဲတွင် စစ်တပ်နှင့် လုံထိန်းပေါင်းပစ်ခတ်မှုကြောင်း အသေပျောက်များပြား

၂၉.၀၅.၂၀၁၂ ရက်နေ့တွင် ရိုဟင်ဂျာအမျိုးသမီး တစ်ယောက်ကို န.စ.က  တပ်ဖွဲ့ဝင်များက အုပ်စုလိုက် မဒိမ်းကျင့်ခံရပြီးနောက် မတော်မတရား သားမယားပြုကျင့်ခဲ့သူများကို တရားဥပဒေအရ အရေးယူအပြစ်
ပေခြင်းမရှိသည်အပြင် သွားရောက်တိုင်ကြားသူ မိသားစုဝင်နှင့် ရိုဟင်ဂျာ မြို့ မိ မြို့ ဖများအား လူမျိုး ဘာသာ စော်ကား၍ ဆဲဆို ကြိမ်းမောင်းကာ မောင်းထုတ်ခဲ့သဖြင့်  မောင်းတောမြို့ ခံ ရိုဟင်ဂျာများသည် ၎င်းကိစ္စနဲ့ပတ်သက်၍ တရားဥပဒေအရ မျှတမှု မရရှိခြင်းနှင့် တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်မှုတွင်လည်း မူစလင်များကို လူမြင်ကွင်းတွင် ရက်ရက်စက်စက် သတ်ဖြတ်နိုင်ရေး အာဏာပိုင်တချို့ က ကြိုတင်စီစဉ်းခဲ့ကြောင်းယင်းကိစ္စနှစ်ခုကို ပေါင်း၍ မကြေမနပ်ဖြစ်နေသော မောင်းတောမြို့ ခံ ရိုဟင်ဂျာတို့သည် တရားဥပဒေ စိုးမိုးရေးနှင့် ရိုဟင်ဂျာလူထုများ ဥပဒေအရအကာကွယ်ရရေး စသည်များတောင်းဆို၍ ငြိမ်းချမ်းစွာဆန္ဒပြရာတွင်



စစ်တပ်နှင့် လုံထိန်းပေါင်းပြီး ရက်ရက်စက်စက် ပစ်ခတ်နေသဖြင့် ယခု အချိန်အထိ ရိုဟင်ဂျာ (၁၀)ယောက်နီးပါး သေဆုံးပြီး အခြားအများအပြားဒဏ်ရာရကြောင်းသိရပါသည်။ သေဆုံးသူထဲတွင် ကုရ်ဘာန်အာလီအသက် ၂၂ ၏ရဲ့ နာမည်ကိုသာ သိကြောင်း ဆက်သွယ်မေးမြန်းသူကဆိုသည်။

မောင်းတော့မြို့ ခံ ရခိုင်အမျိုးသားများသည် ဘုန်းကြီးကျောင်းများတွင် စစ်တပ်ရဲ့  အကာအကွယ်ဖြင့်
စောင့်ရှောက်ထားပြီး ရိုဟင်ဂျာလူထုများကို တွေ့ရာနေရာတွင် စစ်တပ်နှင့် လုံထိန်းပေါင်း၍ ပစ်ခတ်
သတ်ဖြတ်နေကြောင်း သေနတ်ဒဏ်ရာဖြင့် လှဲနေသူအများအပြားကိုလည်း စစ်ကားများဖြင့်တင်၍
ခေါ်ဆောင်သွားကြောင်း ရခိုင်ပြည်နယ်မောင်းတောမြို့ တွင်း အခြေအနေများကို ဆန္ဒပြပွဲတွင် ကိုယ်တိုင်
ပါဝင်ခဲ့သူ ကျောင်းသားတစ်ဦးထံမှ ဆက်သွယ်သိရသည်။ မဆိုင်သူများကို ညဉ့်အချိန်တွင် လာရောက်
ဖမ်းဆီးမှာကို ရိုဟင်ဂျာများအထူးစိုးရိမ်းပူးပန်နေကြောင်းသိရသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။